Saturday, 17 December 2011
ဘာသာ နှင့် လူမျိုးကို ချစ်တတ်ပါစေ
ဘာသာ နှင့် လူမျိုးကို ချစ်တတ်ပါစေ
တချိန်က ဖွတ် နှင့် ပုတ်သင် သူငယ်ချင်း နှစ်ယောက် အလွန်ပင် ရင်းနှီး ချစ်ခင်ကြတယ်။
သွားရင်လာရင်လည်းအတူတူ စားရင် အိပ်ရင်လည်း အတူတူ ဘယ်လိုအခြေနေမျိုးမှာပဲ ဖြစ်ဖြစ်
မခွဲမခွာအမြဲနေရှာကြသတဲ့ သူတို့တွေ ရဲ့ ချစ်ခင်ရင်းနှီးမှု့တွေ ရှိနေတာကို ဖွတ် ရဲ့
မိဘများ မှာမနှစ်မြို့သလို သဘောလည်းမကျဘူး.သားဖြစ်သူ ဖွတ်ကို မိဘများက ပုတ်သင် နဲ့
မပေါင်းသင်းဖို့ အဆက်အဆံမလုပ်ဖို့ ကိုယ်နဲ့ မျိုးရိုးတူ ဖွတ်နဲ့ပဲ အပေါင်းသင်းလုပ်ဖို့
ပုတ်သင် ဟာ အမေအဖေ တို့ နဲ့ မျိုးရိုးချင်းလည်းမတူ ဘာသာချင်းလည်း မမျှ.အဲဒီပုတ်သင် ကြောင့်ပဲ
အမေအဖေ တို့ရဲ့ အမျိုး ဘာသာ တနေ့မှာ ပျက်စီးရလိမ့်မယ် သား၊ မိဘတွေ အကြောင်းအကျိုးပြ
ဆိုဆုမ္မ ပေမဲ့ သားဖြစ်သူ ဖွတ် ကတော့ ဒါတွေကို နားမလည်ဘူး တရင်းတနှီးပေါင်းသင်း တယ် လူမှု့ရေးကိုပဲ
ကြည့်တယ် လူမျိုးရေးကို မမြင်ဘူး ဒီလိုနဲ့ နေလာလိုက်ကြတာ နှစ်အတော်ကြာသွားတယ် အချိန်ကြာလာတာနဲ့အမျှ
ဖွတ် နဲ့ ပုတ်သင် တို့ရဲ့ ရင်းနှီး မှု့ကလည်း ခိုင်မာလာတာပေါ့၊၊
ဒီလို ရင်းနှီး လို့လည်း တကောင် နဲ့ တကောင် အပြန်အလှန် လုံးထွေးပြီးနေကြတယ်၊
ဖွတ် ကကိုယ်ထည်ကြီးတယ် ခွန်အားကြီးတယ် ပုတ်သင် က ကိုယ်ထည်သေးတယ်
ခွန်အားသေးတယ် လုံးထွေးဆော့ကစားတဲ့ အချိန်တိုင်း ပုတ်သင်က အောက်ကပဲ
အမြဲနေရတယ် ဖွတ် ရဲ့ ကိုယ်ထည်ကြီးနဲ့ အဖိခံနေရတယ်.ဒါကို ပုတ်သင် က
မှတ်ထားတယ် မကျေနပ်ဘူး ဖွတ် က တမင်လုပ်တာမဟုတ်ပါဘူး ရိုး2သား2ဆော့ကစားနေတာပါပဲ.
ပုတ်သင် က လုပ်ထားဦးပေါ့ကွာ ဖွတ်ရာ တနေ့ မင်းတို့ရဲ့ ဖွတ် မျိုးတွေ အမြစ်ပြုတ်အောင်
ငါ လုပ်ပြမယ် ဆိုပြီး ရန်ငြိုးဖွဲ့ ကြုံးဝါးတယ်....။
တနေ့တော့ မုဆိုး တွေ တောထဲဝင်လာတာကို ပုတ်သင် တွေ့တော့ . ဟာ. ဟန်ကျလိုက်တာ
ငါ့ ကိုအမြဲ အနိုင်ယူတဲ့ ဖွတ် တော့ တဆွေလုံး တမျိုးလုံး ပြုတ်ပြီတာမှတ်ပေတော့
ဆိုပြီး မုဆိုး တွေရဲ့ ရှေ့ကနေ လမ်းပြ ခေါ်သွားပါလေရော.ဖွတ် တွေနေတဲ့ တွင်း နားရောက်ရော
ပုတ်သင် က အဝင်ပြပြီး ဂယ်ပေါက်ကနေ ထွက်သွားတယ်.ဒီတော့ မုဆိုး များကလည်း .ဟ.
ဒီမှာ ဖွတ် ကျင်းတွေဆိုပြီး ရှိသမျှ ဂယ်ပေါက် မှန်သမျှ အကုန် ပိတ်ဆို့ . အပေါက်တခုပဲ
ထားတယ် အဲဒီ အပေါက်ကနေပဲ မီးရှို့လိုက်တော့ ဖွတ် အားလုံး ဒုက္ခ တွေရောက်ကြတော့တယ်
.ကံကောင်းချင်တော့ ပုတ်သင် နဲ့ ပေါင်းသင်းတဲ့ ဖွတ် ရယ် မိဘ နှစ်ပါးရယ် လွတ်မြောက်သွားပါတယ်.....။
ဒီအခါမှာ သားဖြစ်သူ ဖွတ် က မိဘတွေကို တောင်းပန်ရှာတယ် မိခင် ဖခင် တို့ရဲ့
ဆုံးမ စကားကို နားမထောင်ခဲ့မိလို့ အခုလို ဒုက္ခတွေနဲ့ကြုံတွေ့ခဲ့ရတာ.ပုတ်သင်
ဟာဒီလိုယုတ်မာတဲ့ စိတ်ထားမျိုးရှိလိမ့်မယ်လို့ မထင်ခဲ့မိတာ သားအမှားပါ သားကို
ခွင့်လွတ်ပါ.ခွင့်လွတ်ပါတယ် သားရယ်.အစက ဒီလိုဖြစ်လာနိုင်လို့ သား ကို ပုတ်သင် နဲ့
မပေါင်းဖို့ ကြိုတင်ဆုံးမ ခဲ့တာပေါ့.ဒီမယ် သား. ကိုယ်ဘာသာ ကိုယ့်လူမျိုး ဒုက္ခတွေ ရောက်ရတာဟာ
အမျိုးမတူ ဘာသာမမျှတဲ့ လူတွေနဲ့ ရောယှက်ပေါင်းသင်းမိလို့ပဲ . အပြင်မှာ ရွှေမုန် ကြဲထားပေမဲ့
အတွင်းမှာ နှောက်ချီးခံထားတာကို သားမှမမြင်နိုင်တာ။
ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ. ရွှေမြန်မာ တို့ နားလည်ရမှာက ဘာသာခြား
လူမျိုးခြားတွေနဲ့ သူငယ်ချင်း အဆင့်မှာတောင် ဒီလောက် ဒုက္ခ ရောက်ရတယ်ဆိုရင် ဘဝ တစ်ခုလုံးအတွက်
လက်တွဲဖော် အဖြစ် ခရီးဆက်ကြမဲ့ မြန်မာမိန်းကလေးတွေ စဉ်းစားတာကြည့်တော့။
ပြည်ပရောက်လို့ ဗီဇ ပျောက်နေကြတဲ့ မြန်မာမိန်းကလေးတွေ နိုင်ငံခြားသား၊ ဘာသာခြားတွေက
ပစ္စည်းဥစ္စာပြ စည်းရုံးလာတဲ့ အခါမှာ အဟုတ်ထင်မှတ်ပြီး လက်ခံနေကြတယ် သာယာနေကြတယ်
ပေးလာတဲ့ ဥစ္စာပစ္စည်းဟာ လူမျိုး နဲ့ ဘာသာကို ဝါးမျိုဖို့ လမ်းခင်းနေတယ်ဆိုတာ နားမလည်ကြဘူး.
ငါကောင်းစားဖို့အရေးကြီးတယ် လူမျိုး နဲ့ ဘာသာ ကိုအလေးထားနေစရာမလိုဘူးလို့ အထင်ရောက်နေကြတဲ့
မြန်မာမိန်းကလေးတွေ ဘာသာခြားတွေရဲ့ ရင်ခွင်ရိုင်းထဲမှာ မရှုမလှ ဒုက္ခ လှလှကြီးရောက်နေကြရတာ ဒု နဲ့ ဒေး ပါပဲ....။
ပစ္စည်းဥစ္စာကို မက်မောပြီး လူမျိုးခြားနဲ့ အိမ်ထောင်ပြုနေတဲမြန်မာမိန်းကလေးတွေလည်း
ရေတွက်လို့မကုန်နိုင်အောင်ပါပဲ. ဒီနေရာမှာ.ကောသလ အိပ်မက်(16)ချက်ထဲက 6 ခုမြောက်အိပ်မက်ကို သတိရမိပါတယ်...
မေး. ခွေးအိုထံဆက်.ရွှေခွက်သိန်းတန်.ကျင်ငယ်အမြဲ.ခွက်ထဲစွန့်ပြန်။
ဖြေ... မျိုးမြတ်သမီး.ပစ္စည်းမက်ဟန်.အမျိုးယုတ်.လင်လုပ်ပေါင်းဆက်ဆံ။
ဆိုလိုတာက အမျိုးအားဖြင့် လည်ကောင်း ဘာသာ အားဖြင့်လည်ကောင်း မြင့်မြတ်လှတဲ့
မြန်မာ မိန်းကလေးများဟာ အမျိုးဘာသာ လူမျိုးဘာသာခြားတွေကို လင်လုပ်ပြီး
ပေါင်းသင်းဆက်ဆံကြလိမ့်မယ်လို့ ပြောတာပါ.
မြတ်ဗုဒ္ဓ ရဲ့ အဖြေဟာဒီနေ့ ခေတ်ကာလ မြန်မာ မိန်းကလေး တွေကို ရည်ရွယ်ခဲ့လေသလား
မပြောတ်ဘူး မှန်တာတော့ အတော်လေးကို မှန်နေပါတယ်.
ဒီလိုတွေဖြစ်တာကလည်း မိဘ တွေရဲ့ ဆုံမမှု့ ရဟန်း တော်များရဲ့ ဆုံမမှုတွေကို မနာခံတဲ့
သားသမီးတွေရဲ့ အသိဥာဏ်ခေါ်င်းပါးမှု့ မိုက်မဲရမ်းကား မှု
့စတာတွေကြောင့် လူမျိုးရေး ဘာသာရေးကို ဦးစားမပေးပဲ နှလုံးသားရေး နဲ့ သွေးသားဆန္ဒ
ကိုဦးစားပေးမှု့တွေကြောင့် မြန်မာမိန်းကလေးများ ဘဝတွေပျက် မျက်ရည်စက်လက် နဲ
့ အနိမ်ခံ ဘဝကိုရောက်ကြတာပါ။
ယခုလိုရေးသားချင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသော
ဆန္ဒ အမှန်ပင် မရှိတာကို
ရိုးသားစွာ ဝန်ခံပါသည်၊ လူမျိုး နှင့် ဘာသာကို ချစ်မြတ်နိုးသည့်
အတွက်ကြောင့်သာ ရေးသားရချင်းဖြစ်ပါသည်. ဒီစာကို ဖတ်မိသော မြန်မာမိန်းကလေးများ
အမျိုးဘာသာ ကိုထိမ်းသိမ်းချင်တဲ့ စိတ်ဓာတ် နှင့် အသိတရားလေး ရှိသွားရင် စာရေးသားရကျိုးနပ်ပါပြီ။
ကျမ်းကိုး---(ငါးရာ့ငါးဆယ် ဇာတ်တော် ဂေါဓ ဇာတ်) သတ္တဝါမှန်သ၍ တရားတွေ့ ချမ်းမြေ့ သာယာရှိပါစေ.................။
စာရေးသူ .အရှင်မဏ္ဍလ(သာသနဓဇဓမ္မာစရိယ+ ဝိနယ ဝိဒူ) ခေတ္တ..မလေးရှား။ 2010ashinmandala@...
http://www.myanmarexpress.net/2010/11/blog-post_29.html
မှတ်ချတ်........ယခုဘလော့ အားရေးသားခဲ့ သူမှာ ဘုန်တော်ကြီး ဖြစ်ပါသည်...
တချို့ နေရာမှာစာသားတွေကို ကျွန်တော်ဖျတ်ထားတာတွေရှိပါတယ်
မူရင်ကို အပေါ်ကလင့် ကလေးမှာ လေ့ လာလို့ ရပါတယ်
ဘုန်တော်ကြီး ရေးသာခဲ့ သောဘလော့ လေးဖြစ်တာကြောင့် 
ကွန်မန်းပေးရာတွင် ညစ်ညမ်းစွာပေးခဲ့ ခြင်း မပြုရန်
တောင်းပန်အပ်ပါသည်.......မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသောဆန္ဒ အမှန်ပင် မရှိတာကိုရိုးသားစွာ ဝန်ခံပါသည်၊
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment