Search This Blog

page

သူငယ်ချင်းအာလုံးပျော်ပါစေ

လာလည်တဲ့ သူ ဘုရားဖူး သွားနော် .. အဖြူရောင်သံစဉ် ရေဒီယို

Monday, 12 December 2011

ဆူးကြားကဘူသီး(ပြည်ပေ၇ာတ် မြန်မာတွေရဲဘ၀)

ဆူးကြားကဘူသီး(ပြည်ပေ၇ာတ် မြန်မာတွေရဲဘ၀)

နိုင်ငံခြား ကိုလာပြီး  စီပွားရှာနေသူများမှာ  အဆင်ပြေသူတော်တော်လေး  နည်းပါတယ် ။အဆင်ပြေသူများမှာလည်း
နဂို  အခြေခံကောင်းပြီးသားသူများ  အထတ်ပိုင်း  အလုပ်လုပ်သူများ ရာထူးကြီကြီးမာမာ ရကြသူများ   ကျောင်းပြီးလို့ 
ကျောင်းကစီစဉ်ပေးသော  အလုပ်လုပ်ကြသူများသာလျှင်  အဆင်ပြေကြပါသည်။သူလိုကိုယ်လိုဒုံရင်းသမား  ငမွဲများကသာ
ဘယ်နိုင်ငံသွားပြီး  ဘာလုပ်လုပ် သိပ်အကျိုးထူးလှသည်ဟု သိပ်မတွေရပါ။တစ်ခုတော့ ရှိသည်  ကိုယ်နိုင်ငံ  ကိုယ်အိမ်လို သဘောထား
နှစ်ရှည်အနစ်နာခံ  လုပ်ကိုင်နိုင်မည်ဆို့ တော့ အချိန်ကြာလာသည်နှင့် အမျှ  အကျိုးထူးရနိုင်ပါသည်။ ဒါကလည်း  အနည်းဆုံး
၅ နှစ်စွန့် မှဖြစ်သည်။တနှစ်  ၂နှစ်လောတ်နဲတော့ အကြွေကျေရုံ  ကြေအိုးသောတ်ရုံ သာရပါမည်။
လူငယ်တော်တော်များများတွင်  ဖြစ်နေသော  စင်္ကပူရောဂါ  မလေးရှားရောဂါ  ဂျပန်ရောဂါ ကိုရီးယာရောဂါ
အမှန်စစ်စစ် စိတ်ကူးယဉ်လို့ ကောင်ရုံမျှသာ ရှိပါသည်။အိမ်ပေါင်ယာပေါင်နဲ့    နိုင်ငံခြားလာ ပိုတ်ဆံရှာမလိုပေါ
နိုင်ငံခြားရောတ်တော့   ထင်သလို့ မဖြစ်  အခတ်အခဲတွေတွေ့ ရ။ပြေလည်အောင်ဖြေရှင်းရင်ကနေ လမ်းမှာရောတ်နေတဲ့    သူတွေ
ရှိပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်မြန်မာမိန်းကလေးတွေမလာသင့်ပါဘူးခင်ဗျာ။မိန်းခလေးတွေလဲ မိန်းခလေး
အလျောက် ယောကျာင်္းတွေလဲ ယောကျာင်္းတွေ အလျောက်  စင်ကာပူနဲ့ မလေး မှာ ဆိုလဲ မြန်မာ
မိန်းခလေးတွေရော ယောကျာ်းလေးတွေပါ အကျင့်ပျက်ချစား အိမ်ထောင်ရှင်တွေလဲ စည်းမစောင့်ထိန်းကြတော့ဘဲ
ဖြစ်ချင်တိုင်းဖြစ်နေကြတော့ ကောင်းကောင်းမွန်မွန်နေတဲ့လူတွေပါ နာမည်ပျက်နေကြပါတယ်။ ရောက်လာတဲ့မိန်းကလေးတွေ
ဟာတချို့ကလယ်လယ်ပတ်ပတ်မရှိတဲ့အတွက်အေဂျင့်တွေရဲ့လှည့်ပတ်ခြိမ်းခြောက်မှုတွေနဲ့အတူ မတတ်နိုင်လွန်းလို့ ဘ၀ကိုချကျွေး
လိုက်ရတာတွေရှိပါတယ်။ အေဂျင့်ဆိုတာကောင်းတဲ့သူတယောက်မှမပါလာဘူး။ သူတို့တွေရဲ့လှည့်ကွက်မှာ
မိသွားခဲ့ရင်ဘာမှလုပ်လို့မရပါဘူး။။ သူများတိုင်းပြည်မှာ ဒုက္ခရောက်ရင် ကူညွီမဲ့သူတွေထက်
အခွင့်အရေးယူတက်သူတွေံကပိုပြီးပေါပါတယ်.....အားကိုးရာမဲ့ ဘ၀တွေနဲ့ အားကိုးရာရှာရင်းဘ၀တွေပျက်ကြရတာ
လူသားချင်းစာနာစတ်နဲ့မမှန်ကန်တဲ့ အေးဂျင့် မအေပေးတွေကြောင့်ပါ...ဒါတွေကတော့ ပြည်ပမှာနေဖူးသူတိုင်းလိုလို နားလည်ကြ
သိကြပါတယ်....ယုံလွယ် သူတွေအတွက် အားကိုးမှားကြတာတွေပေါ့ဗျာ....နောက်ပြီး ဒုက္ခရောက်ပြန်တော့လဲ
ဘယ်ရုံးဘယ်သူကမှဂရုစိုတ်က်ကူညီကြတာမှမဟုတ်တာလေ...ပြည်ပရောက်ရွှေအမျိုးသမီးတွေဘ၀က
ရင်နာစရာကောင်းပါတယ်.....အသက်နဲ့ အရှက်ကို လဲတယ်သာကြားဖူးခဲ့ပေမဲ့ ခုတော့ ဘ၀နဲ့ အရှက်ကို
လဲနေကြရပြီလေ...ကျတော်ပြောချင်တာက မိဘတွေကိုတိုင်က ဗဟုသုတရှိအောင်လုပ်ပြီးမှ
ကိုယ့်သားကိုယ့်သ္မီးကို ပြည်ပကို စေလွှတ်စေချင်တာပါပဲ......မိသားစု ဆိုတာမရှိတဲ့ ဒေသမှာ ဘာဖြစ်ဖြစ် အဖက်ဖက်က
အရှုံးကသေချာသလောက် ပါပဲ.......အခက်အခဲတွေကြောင့်ဘ၀ပျက်နေရကြတာပါလို့ ကျတော်ပြောချင်ပါတယ်...အေးဂျင့်တွေကလဲ
လိမ် ရဲကနှိပ်စက် အော်ပရာစီရဲကလဲ အလွတ်မပေး အဲ့လိုမိန်းခလေးတွေမှာ ဘယ်နှစ်ရက် အငတ်ခံနိုင်မှာမို့လဲ...နောက်ဆုံးတော့
ဒါပေးရင် အလုပ်သေချာရှာပေးမယ်ဆိုတော့ အဲ့လိုမိန်းကလေးတွေဟာ ကျန်ခဲ့တဲ့ မြန်မာပြည်က မိသားစုစားဝတ်နေရေး
လက်ရှိငတ်နေရတာတွေ အားလုံးအဆင်ပြေဖို့  ဘ၀တွနဲ့    ရင်းနေကြတယ်လေ။မိဘကအဆင်မပြေ ပြန်ဖို့ကလဲမဖြစ်
အဲဒီတော့နောက်ဆုံး.......................... ။ ဒါပေမယ့်သူတို့တွေကအရှက်မရှိတဲ့သူတွေတော့မဟုတ်လောက်ဘူးထင်ပါတယ်။
တချို့ အရှက်မရှိတဲ့မြန်မာမိန်းကလေးတွေလည်းရှိပါတယ်။
ဒါပေမယ့်အကုန်လုံးတော့မဟုတ်ပါဘူး။ မြန်မာတွေနဲ့ မနီးတဲ့နေရာတွေမှာအလုပ်လုပ်ကြရတဲ့ မြန်မာမိန်းကလေးတဦး
ဆိုရင်ရောဗျာ။ အားကိုးစရာကလဲမရှိတော့နောက်ဆုံး သူတို့ပြုသမျှနုကြရတာတွေလဲရှိမယ်လို့ထင်မိပါတယ်။
အကျင့်ပျက်နေတဲ့မြန်မာမိန်းကလေးတွေလဲရှိပါတယ်...။သနားစရာမိန်းကလေးတွေလဲရှိပါတယ်လို့ ပြေချင်တာပါခင်ဗျာ။
ဒါပေမယ့် အရာအားလုံးဟာ ဘ၀ ၀ဋ်ကျွေးရှိလို့ပဲလို့ယူဆပြီးသနားစရာတွေလို့ပဲထင်မိပါတယ်ခင်ဗျာ..။ဘယ်သူမှ မိဝေး ဖဝေးမှာ
စိတ်အားငယ်ခံပြီး လာနေချင်ကြတဲ့သူ ရှိမယ် မထင်ပါဘူး .ဖြစ်နိုင်ရင် မိဘရိပ်မှာ အေးအေးချမ်းချမ်း မိဘ မောင်နှမတွေရဲ့
အချစ်အပြည့်နဲ့ပဲ နေချင်ကြမှာပေါ့..ပြည်တွင်း ပြည်ပ ဘယ်နားနေနေ ကိုယ့်ကိုယ်ကျင့်တရား ကိုယ်လုံကြရင်
အကောင်းဆုံးပါ...လူတစ်ဦးချင်းစီရဲ့ ကိုယ်ကျင့် တရားနဲ့ပဲ ဆိုင်မှာပေါ့... ပျက်စီးချင်တဲ့သူက ဘယ်နားနေနေ ပျက်စီးမှာပေါ့။
ဘာသာမတူ လူမျိုးခြားရယ်မှ မဟုတ်ပါဘူး ဘာသာတူလူမျိုးတူ အချင်းချင်းတောင်မှ ကိုယ့်မြန်မာအချင်းချင်း ကာကွယ် ဖို့နေနေသာသာ
စားဝါးဖို့ အကွက်ချောင်းနေတဲ့လူနဲ့ ။ ချောက်တွန်းမဲ့လူနဲ့ ။ ကိုယ်လိုချင်တာ ရဖို့ နာမည်ကြီးဖို့ ဆို ဘယ်သု့ဘဲ နင်းရနင်းရ
ဘာတွေဘဲလုပ်ရလုပ်ရ  မိမိကောင်းစာဖို့   အတွတ်လုပ်နေကြတာတွေလည်း  တွေရပါတယ်။ မြန်မာအချင်း
မလုပ်သင်တာတွေလုပ်လို့   အသတ်ဆုံရှုံဆုံး  ခဲ့ရတဲ့   မြန်မာမိန်ကလေးတွေလဲရှိပါတယ်။နိုင်ငံခြားမှာ  မြန်မာမိန်ကလေးတွေ
ပိုတ်ဆံပေးရင်ဖြစ်တယ်    ဟိုဟာဝယ်ပေးလိုတ်ရင်  သူတို့ တွေကကျေနပ်နေတာပဲ  အဲလိုနိုင်ငံခြားသာ   တစ်ယောတ်ကပြောလာရင်
မြန်မာယောင်္ကျာတွေရဲရင်မှာ   မချိအောင်ခံစားရပါတယ် ။စိတ်မထိမ်းနိုင်လို့   ရန်ပွဲတွေ ဖြစ်ခဲ့ ရတာတွေလည်း  ရှိပါတယ်
မြန်မာအမျိုးသားတွေလည်း  အခတ်အခဲ၇ှိနေတဲ့   မြန်မာမိန်ကလေးတွေတွေ့    ၇င်ညီကိုမောင်နှမစိတ်နဲ့ ကူညီကြပါ
ကူတော့   ကူညီပါရဲ နောတ်ကမျှော်လင့်  ချတ်တွေထာပြီး   ကူညီတာမျိုတွေ  မလုပ်ကြဖို့ တောင်ပန်ပါတယ်။
တချို့   အမျိုးသားတွေရှိပါတယ်  မိမိမှာလည်း  အိမ်ထောင်နဲ့    မိန်ကလေး  တစ်ယောတ်က အခတ်အခဲဖြစ်နေတာတွေရင်
ကူညီသလိုနဲ့    ကောင်မလေးကိုစည်းရုံး ကောင်မလေးကတော့   အာကိုးရှာနေပြီးဆိုပြီး  ကောင်မလေးကို  အတင်ဝင်း
လိုအပ်တာတွေကူညီးမူတွေပေး   ပြီးတော့ ကောင်မလေးရဲ အချစ်ကိုယူ  ကောင်မလေးက သူငါကိုတော်တော်လေး  ချစ်လို့ 
ငါအခတ်အခဲတွေကူညီနေပါလားလို့   အတွေးတွေ ၀င်ပြီး  အဖြေတွေပြန်ပေးတော့    ကောင်မလေးရဲ  ဘ၀တွေပါယူနေကြတာတွေ
ရှိပါတယ်။မိမိမှာ  အိမ်ထောင်ရှိတာကိုကောင်မလေးသိတော့    အချစ်ကိုဗန်းပြ နိုင်ငံခြားမှာ  အိမ်ထောင်သည်လုပ်တမ်းကစား
မြန်မာရောတ်တော့ မတွေ့ ဘူး  မမြင်ဘူးလို့   နေကြတာပေါ့ လို့    သဘောတူညီမူတွေယူ  ကောင်မလေးကလည်း 
မထူးဇာတ်တွေခင်း   ဘယ်သူတွေနစ်နာသလဲဗျာ   မောင်နှမ  သာချင်း  စိတ်ဓာတ်တွေထားဖို့    ဒီကနေတောင်ပန်ပါတယ်။
ပြည်ပရောတ်  အမျိုးသားတွေအကြောင်းပါဆတ်ရေးနေရင်  စာကတော်တော်လေး   ရှည်နေမှာကြောတ်လို့   ကဗျာလေး
တစ်ပုဒ်နဲ့ ပဲပြောပြတော့ မယ်နော်
လာတုန်းကတော့
ရည်မှန်းချက်တွေ တပွေ့ တပိုက်နဲ့ 
ကျေးဇူးရှင် အမေတစ်ယောက်လည်း
ဇရာထောက် ဒီချိန်ခါ
အိုဇာတာလည်း ကောင်းရမယ်...
အကာကကျိုး  အမိုးမလုံ
နေဖြစ်ရုံ သိုက်မြုံဟောင်း
အိမ်ကောင်းကောင်းလည်း ဆောက်ရမယ်...
မခွဲနိုင် မခွာရက် ချစ်သူလေးအတွက်လည်း
ရွှေအသင့်ငွေအသင့်
လူနေမူအခြေအနေလည်း မြင့်ရမယ်....
ခုနှစ် တကြိမ်ပြောင်းလဲလာ ချိန်မှာ
ကျွန်တော်  ရည်မှန်ချက်
ကွဲအပ်အပ်ဖြစ်လာတယ်......။

နေညိုပြီးဆိုရင် သွေးကြောတွေထဲ့
အယ်ကိုဟော တစ်ခွက်
နေစဉ်ဆက်ရမှ နေပျော်လာ.....
ဝင်းဂါးနဲ့  ဖာဂူဆန်
နည်းဗျူးဟာ ပြိုင်ရင်လည်း
ဘယ်သူနိုင် ဘယ်သူရူံး
လောင်းကြေးနဲ့   သုံးသပ်
အဲ့ဒီဘက်မှာလည်း ကျွန်တော်ပါ.....
ရနံထုံသင်း အဆင်းကရူချင်စရာ
ပန်းဝတ်မှုံ မြင်တိုင်းလည်း
စိတ်ရိုင်းရဲတောင်းဆိုမှု
ဦးနှောက်က ခွင့်ပြုပြန်....
အဲ့ဒီလိုနဲ ခုနှစ်မိုး ခုနှစ်နွေ
ရာသီတွေကြွေခဲ့ လည်း
အသိတစ်ရားက မကြီးထွား
နောင်တမရှင်သန်
အင်...အိမ်အပြန် ဒီပုံစံဆိုရင်ဖြင့် ....။

မဖြစ်သေးပါဘူး...
စိတ်အလိုလိုက် အကျင့်မိုက်ကို
ကြိတ်မှိတ်မျိုချ ထိန်းဦးမှပဲ
နှောက်တစ်နွေ နောက်တမိုး
ထပ်ပျိုးဖို့ အတွက်
သက်တမ်းတိုးဖို့  ရက်ကနီးလာပြီးလေ....။
                               သူငယ်ချင်းအာလုံးပျော်ရွှင်ပါစေ

No comments:

Post a Comment