Search This Blog

page

သူငယ်ချင်းအာလုံးပျော်ပါစေ

လာလည်တဲ့ သူ ဘုရားဖူး သွားနော် .. အဖြူရောင်သံစဉ် ရေဒီယို

Thursday, 29 December 2011

သူတို့ လေးတွေရဲဘဝ

ကမာကြီးက ဆိုးဝါးနေပါတယ်ဆိုမှ.. လူတွေကလည်း စုတ်ပြတ်နေပြီ။ ကိုယ့်ကိုကိုယ်တော့အဟုတ်ထင်နေတာပဲ။ ဒါပေမယ့် ကိုယ့်ကိုကိုယ် မနက်ဖြန် သေမလားရှင်မလားတောင် မသိနိုင်တဲ့ ဘ၀မှာ.. တခါတလေ… နောင်အနှစ် ၅၀အတွက်ကြိုတွေးမိတာ နည်းနည်းများလွန်သွားမလားလို့ ။ လူတွေပြောကြတယ်။ အဲလိုအတွေးတွေတွေးမိရင်.. တောင်တွေးမြောက်တွေးနဲ့ စကားကြီးစကားကျယ်တွေပြောနေလိုက်တာတဲ့ ။ ***************************************************** တနေ့ က အိမ်သာထဲမှာ မြန်မာပြည်ကဂျာနယ်(လ်)တစောင်ဖတ်လိုက်ရတယ်။ မှုခင်းသတင်းတွေပါ။ နေပြည်တော်မှာ ပြည့်တန်ဆာ လုပ်တဲ့ မိန်းမနဲ့  ခေါင်း ၂ယောက်တို့ ကို ပြည့်တာဆန် နှိမ်နင်းရေးပုဒ်မနဲ့ ဖမ်းဆီးလိုက်တယ်။ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ဖို့ စီအားပေးနေတာမဟုတ်ဘူး။ ဘယ်မိန်းမမှကမှ.. အားအားယားယား ပိုက်ဆံရရင်ပြီးရော ဆိုပြီး ဖင်ခံတဲ့  အတွေးမရှိကြဘူး။ အထူးသဖြင့် မြန်မာအမျိုးသမီးတွေကြားမှာ။ ဒီလိုမျိုးသူများတွေ ရွံရှာတဲ့ အလုပ်ကိုလုပ်တယ်ဆိုကတည်းကတော်တော်လေး မျက်နှာပြောင်တိုက်ပြီး လုပ်မှရတာ။ စင်ကာပူက ပြည့်တန်ဆာနဲ့  မြန်မာပြည်က ပြည့်တန်ဆာ ယှဉ်ကြည့်မယ်ဆိုရင် စင်ကာပူကမှာ တော်သေးတယ်။ ဒါတောင် သူတို့ မှာ အဆင့်က အမျိုးမျိုးရှိတယ်။အဲဒါတွေကထားလိုက်ပါ။ ပြောချင်တာက …မြန်မာပြည်ကရဲ တွေ အလုပ်မရှိ ကြောင်ရေချိုးပေးတာကိုပြောတာ။..မတရားမှုတွေကို ပြောချင်တာပါ။ အဲဒီ မှုခင်းဂျာနယ်(လ်)ကို ဖတ်လိုက်ရတော့ .. မြန်မာပြည်ကရဲတွေကို တော်တော်တော်နဲ့ တော်တော်၇ဲ တွေပါလားလို့ ။ မြန်မာပြည်ကြီးဒီလောက်ကျယ်တာ။ သောင်းချီ သိန်းချီတန်တဲ့  စက်ဘီးလေး ခိုးသွားတဲ့ သူခိုးတောင်မိတယ်။ ပြည့်တန်ဆာလုပ်ငန်း ဟဲဗီးတွေလုပ်တဲ့  နေရာတွေမမိပဲ… တယောက်စ ..နှစ်ယောက်စ နဲ့ လည်နေတဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေတော့မိတယ်။ ပြီးရင် ဂျာနယ်တွေထဲမှာ အလေးပေးဖော်ပြတယ်။ မှုခင်းဂျာနယ်ကို ဖတ်ရာတာ…လိင်ဂျာနယ်ဖတ်ရသလိုပဲ။ တချို့ သတင်းတွေက ဘယ်သူက ဘယ်သူကို ဘယ်ကို လိမ်ခေါ်ပြီး သားမယားပြုကျင့်လို့  ဘယ်သူက တိုင်တန်းတယ် ဘာညာနဲ့ ။ ယောက်ျားတဲ့ ။ စော်ကားတာတော့မဟုတ်ဘူး။ ယောက်ျားတိုင်းကို မေးကြည့် တဏာနဲ့ ကင်းကြရဲ့  လားလို့ ။ လွန်ခဲ့တဲ့  နှစ်အနည်းငယ်တုန်းက သတင်းစာထဲကသတင်း တပုဒ်မှာ ထိုင်းနိုင်ငံက ဘုန်းကြီးတပါး သူ တရားကျင့်တာ တဏာစိတ်ထလာလို့  သူ့ ဟာကို သူ ဓါးနဲ့ ခုတ်ချလိုက်တယ်တဲ့ ။ပြန်ဆက်လားမဆက်လားတော့ မမှတ်မိတော့ဘူး။who cares huh? i dun even have a dick, right? hahaha. အဲဒီအခါကျတော့  ဒီလို မျိုး မုဒိမ်းမှုတွေ ပပျောက်အောင် ဘယ်လို လုပ်မလဲ။ ပြည့်တန်ဆာလုပ်ငန်းကိုမနှိမ်နင်းခင် မှုဒိမ်းမှုပပျောက်အောင်အရင်ဘယ်လို နှိမ်နင်းမလဲ။ problemရှိရင် solutionရှိရတယ်။ မရှိရင်တောင်မှ alternative ways ကို ဖန်တီးပေးရတယ်။ ပြည့်တန်ဆာဆိုတာ ယောက်ျားတွေရဲ့ တဏာစိတ်ကို ဖြည့်ဆည်းပေးတဲ့ မိန်းမတွေလို့ ပဲသိကြတယ်။ မုဒိမ်းမှုတွေ ကျူးလွန်တာကို တားဆီးနေတဲ့ မိန်းမများလို့ ဘယ်သူက အားယားပြီးတွေးပေးခဲ့ဖူးကြလို့ လဲ။အတော်လေးရှားမယ်ထင်တယ်။ မြန်မာပြည်မှာ မိန်းကလေး အတော်များများ ပြည့်တန်ဆာမလုပ်ချင်ပဲလုပ်နေရတယ်။မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကို အတူရင်ဘောင်တန်းဖို့  အခွင့်အရေးတွေဆုံးရှုံးခံပြီး အဲဒီအလုပ်ကိုလုပ်စားနေကြတယ်။ အဲဒီလို ကိုယ် မဖြစ်ချင်ပဲ အဲဒီလုပ်ငန်းကို လုပ်နေကြရတဲ့  မိန်းကလေးတွေဟာ တကယ်တော့ မုဒိမ်းကျင့်ခံနေရတာနဲ့ အတူတူပဲ။သူတို့ ကို ကာကွယ်ပေးမယ့်အစား လူတွေက ရှောင်သွားကြတယ်။ ပြည့်တန်ဆာတွေ မုဒိမ်းမှုတွေရဲ့  နောက်ဆက်တွဲက HIV တွေရလာမယ်… ခုခံအားကျဆင်းတဲ့ ရောဂါဖြစ်လာမယ်။ ဒါတွေက ကလေးသွားမေးရင်တောင်သိတဲ့ အရာတွေပါ။ မြန်မာတနိုင်ငံလုံး မုဒိမ်းမှုပပျောက်ေ၇း.. ပြည့်တန်ဆာပပျောက်ရေးဆိုရင်တော မြန်မာပြည်က ယောက်ျားတွေအားလုံးရဲ့  ဟိုဟာဖြတ်ထားမှ အမြစ်ပြတ်မယ်။ စင်ကာပူမှာဆိုရင် ပြည့်တန်ဆာ လုပ်ငန်းကို ပေါ်တင်လုပ်ခွင့်ပေးထားတာ။ အဲနယ်မြေတော့မကျော်စေနဲ့ ပေါ့။ ဈေးအကြီးဆုံးက ဗီယက်နမ်မတွေပဲ။ ဒေါ်လာ ၅၀၀လောက်မှရတာ။ အဲဒီမှ လည်တာက ဖိလစ်ဖိုင်မတွေပဲ။ သူတို့ က အလည်နဲ့ ဒီကို တလလာ။ ပြီးရင် အဲဒီ ကလပ် တွေရှိတဲ့ နေရာ မှာ ဘိုတွေ သွားရှာ။ တယောက်ကို ဒေါ်လာ၈၀ ဆိုနည်းလား။တညဆို၄၀၀လောက်ရှာရင်ရှာသလောက်ရတယ်။ စင်ကာပူမှာ ရက်ပေါင်း၃၀နေပါအုံးတော့ .. ။ ဒါပေမယ့် စားတာကတော့ ကပ်စေးနဲ့ တယ်။ တညလုံးမှာ ပါမုန့် တထုပ်လောက်ပဲစားတာ။ အားပြတ်ပြီး ဘယ်တော့ဆေးရုံရောက်မလဲမသိဘူး။ ပြောချင်တာက ..မဖြစ်ချင်သင့်တာတွေမဖြစ်ဖို့  လိုအပ်နေတဲ့နေရာတွေကို ဖြည့်ပေးရတယ်။ စင်ကာပူမှာ မုဒိမ်းမှု က ရှားပါးသလောက်ဆိုတာက ၁) ပြည့်တန်ဆာတွေရှိတယ် ၂) သာမာန် မိန်းကလေးတယောက်ကို မုဒိမ်းကျင့်ရင် ကြိမ်ဒဏ် က လာပြီ ၃) ပြီးရင် ထောင်က ကျအုံးမယ်။ အဲဒီတော့  မုဒိမ်းကျင့်မယ့်အစား ပြည့်တန်ဆာကို ငှားလိုက်တာ တော်သေးတယ်။ မြန်မာပြည်မှာ က ဒါတွေမရှိဘူး။ ပြည့်တန်ဆာလည်းဖမ်း။မုဒိမ်းကျင့်လည်းဖမ်း။ ဘာလုပ်လုပ်ဖမ်းဆိုတော့ ..ဖြစ်ချင်ရာဖြစ်ကွာ လုပ်မယ်ကွာ.. ဖမ်းမိခါမှ ဖမ်းရော့ ဆိုပြီးဖြစ်လာကြတယ်။ နောက်ဆုံး .. မုဒိမ်းမှုကနေ လူသတ်မှုအထိဖြစ်ကုန်တယ်။ မြန်မာပြည်က မုဒိမ်းမှု အများစုက အဲဒီ caseအောက်မှရှိတယ်။ အဲလိုဖြစ်နေတာကို ဒီအတိုင်း လွှတ်ထားမယ့်အစား.. ယောက်ျားမရှိရင်မနေနိုင်တဲ့  မိန်းမတွေ… ယောက်ျားအထိအတွေ့ တွေလိုချင်တဲ့ မိန်းမတွေ ပိုက်ဆံရရင်ပြီးရော အကုန်လုပ်မယ်ဆိုတဲ့ မိန်းမတွေကို ပြည့်တန်ဆာ လုပ်ကိုင်ခွင့်တွေပေးလိုက်ပါလား။ အဲဒီလိုဆိုရင် ပြည့်တန်ဆာ မလုပ်ချင်ပဲလုပ်နေရတဲ့ မြန်မာမိန်းကလေးတွေရဲ့  ဘ၀တွေ ငြိမ်းချမ်းကုန်မယ်။ ယောက်ျားတွေလည်း လိုအပ်ရင်ဘယ်မှာရှာရမလဲ သိကုန်မယ်။ မှုခင်းတွေလည်း ကျဆင်းကုန်မယ်။ လူတွေရဲ့  စိတ်ဓါတ်တွေလည်း ပြောင်းကုန်မယ်။ ဒါပေမယ့် ဒါတွေဟာ လိုပါသေးတယ်။ ဘာပဲဖြစ်ဖြစ်လေ.. သူတို့လေးတွေရဲ့  ဘ၀ကို သနားမိပါတယ်။ အော်.. မြန်မာပြည်မှာလူဖြစ်ရတဲ့  ဘ၀ကလည်း နည်းနည်းနောနောကုသိုလ်မဟုတ်ဘူးနော်။ ကမာကြီးတောင် လူတွေရဲ့  မုဒိမ်းကျင့်ဒဏ်ခံနေရလို့ .. ဖုတ်ဖတ်ခါဖြစ်နေမှတော့ .. ဒီလို ညိုးငယ်တဲ့ ပန်းကလေးတွေရဲ့  ဘ၀ကို ဘယ်သူက များ အလေးထားပြီးမြတ်နိုး တတ်ကြမှာလဲ။ ပြည့်တဆာ ဆို ..ပြည့်တဆာပဲ။ ပိုက်ဆံပေးရင် ဖင်ခံပေးတယ်တဲ့ ။ ဒီမိန်းကလေးတွေရဲ့  နေရာကို ယောက်ျားလေးများ တခဏလောက် ၀င်နေရာယူပြီး ခံစားပေးတတ်ကြရင်ကောင်းမှာပဲ။ ပြည့်တဆာဆိုတာလည်း လူပါပဲ။ ပြည့်တဆာဆိုတာလည်းမိန်းကလေးပါပဲ။ နှမချင်း စာနာ.. ချစ်သူချင်းစာနာ တတ်ကြတဲ့  ယောက်ျားများပေါများကြပါစေ…

Tuesday, 20 December 2011

ရတနာသုံးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း၊

သူငယ်ချင်းတို့ ရေ ကျွန်တော်ပြောပြတာကိုသိပြီးသားလူတွေလဲရှိမှာပါ......ကျွန်တော်ကဗုဒ္ဓဘာသာ ကိုကိုးကွယ်ပေမဲ့  မသိတာတွေတော်တော်လေးများနေပါတယ်.....လေ့လာအားလဲ နည်းခဲ့ ပါတယ် နေရမယ့်အချိန်တွေလည်း နည်းသွားပြီ။ သေဖို့ ကလည်းတနေ့ ထက် တနေ့ နီးနီးလာပြီဆိုတာမမေ့ကြပါနဲ့ ။ ရခဲ့တဲ့လူဘ၀ကို ရပြီးခါမှ စားဝတ်နေရေးအလုပ်တွေနဲ့ ပဲ ဘ၀တစ်ခုလုံးကို မကုန်လွန်ပါစေနဲ့ ။ ပညာရှိသူတော်ကောင်းတွေကို မှီဝဲဆည်းကပ်ကြပါ။ သတိပဋ္ဌာန်တရားတွေ၊ သစ္စာတရားတွေကိုလည်း နာကြားကြပါ။ သံသရာက လွတ်မယ့် ကျွတ်မယ့် ၀ိပဿနာအလုပ်ကို ဆင်ခြေအမျိုးမျိုးပေးပြီး ရှောင်တိမ်းမနေပဲ လုပ်ဖြစ်အောင်လုပ်ကြပါ။ ဒါမှလူဖြစ်ရကြိုးနပ်မယ်။ သာသနာနဲ့  ကြုံရကျိုးနပ်မယ်။ မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ဆိုတဲ့ ဆရာတော်ရဲ ဆုံမစာကိုဖတ်မိပြီး ဘာသာရေးကိုနည်းနည်းလေ့ လာပါတယ်...သူငယ်ချင်းတစ်ယောတ်က စာအုပ်တအုပ် ပေးဖတ်ခဲ့ ပါတယ်...စာအုပ်နာမည်က ဗုဒ္ဓဘာသာ ကိုယုံကြည် သတ်ဝင်သူတစ်ယောတ်အကြောင်း ရေးသားသူက ဆရာဦးဆန်းလွင် (အရှင်အာဒိစ္စရံသီ) ဖြစ်ပါတယ် ....သူရေးတဲ စာအုပ်ဖတ်ပြီးတဲ့  အချိန်မှာ ကျွန်တော်တော်လေး ၀မ်းသာဝမ်းနည်း ဖြစ်ရပါတယ်.....၀မ်းသာရတဲ အကြောင်းက စာရေသူက တခြားဘာသာဝင်ဖြစ်ပြီး ဘာသာတွေကို လေ့ လာရမှ ဘယ်ဘာသာမှ စိတ်တိုင်းမကျ ဗုဒ္ဓဘာသာ ကိုမှ သဘောကျ လတ်ခံပြီး ယုံကြည် သတ်ဝင်ကာ ဘုရားရဲသားတော် အဖြစ်ပါခံယူခဲ့ တာကြောင့် ပါ....၀မ်နည်းရတာက ကျွန်တော်ဟာဗုဒ္ဓဘာသာ ဖြစ်ပြီး တခြား ဘာသာဝင်က လေ့ လာပြီး ကိုယ့် ဘာသာထဲကို ၀င်ခဲ့ သူတယောတ်လောတ်လေ့ လာမူမရှိတာ တော်တော်လေးလဲ ရှတ်မိပါတယ်....မည်သူရဲ ဆွဲဆောင်မူမှမပါပဲ မိမိကိုယ်တိုင်လေ့ လာပြီး ဗုဒ္ဓဘာသာ ကိုယုံကြည် သတ်ဝင်သူ တစ်ယောတ်အကြောင်းကို သူငယ်ချင်းတို ကို မျှဝေပေးလိုတ်ပါတယ် ဆရာဦးဆန်းလွင် (အရှင်အာဒိစ္စရံသီ) (၁၉၃၈-၂၀၀၂) ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အဖ ဦးဖိုးညွန့်၊ အမိဒေါ်လှကြီးတို့မှ ၁၉၃၈-ခု၊ ဇန်နဝါရီလ ၁၃-ရက်၊ တနင်္ဂနွေနေ့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးဆန်းလွင်ပင် ဖြစ်သည်။ ၁၉၆၂-ခုနှစ်တွင် ဒဿနိကဗေဒ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ (ရွှေတံဆိပ်) ရသည်။ မဟာဝိဇ္ဇာတန်း တက်ပြီးနောက် မြစ်ကြီးနား ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်များ၌ ကထိကအဖြစ် အမှုထမ်း ဆောင်ခဲ့သည်။ အသက် ၁၈-နှစ် အရွယ်တွင် မိဘရိုးရာ အစ္စလာမ်ဘာသာမှ ခရစ်ယာန်ဘာသာသို့ ဝင်ရောက် လေ့လာပြီး မနှစ်သက်၍ လေးနှစ်ကြာတွင် ခရစ်ယာန်ဘာသာကို စွန့်လွှတ်လိုက်သည်။ အသက် ၂၂-နှစ်တွင် ကွန်မြူနစ်ဝါဒကို လေ့လာပြီး ဘာသာအယူဝါဒများကို စွန့်ပယ်၍ ကမ္ဘာ့ အတွေးအခေါ်မျိုးစုံ၊ ဘာသာမျိုးစုံကို လေ့လာသည်။ အသက် ၃၂-နှစ်တွင် ဗုဒ္ဓကိုယ်ကျင့်တရား ပညာကျမ်း ပြုစုရန် ပါမောက္ခ၏ တာဝန်ပေးချက်အရ ကမ္ဘာအေး ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ကမ္ဘာ့ဗုဒ္ဓဘာသာကို စတင်လေ့လာသော အခါမှစ၍ မိမိရှာဖွေနေသော သစ္စာဝါဒကို တွေ့ပြီဟု ဝမ်းသာပြီး ပိဋကတ်သုံးပုံ(မြန်မာပြန်)ကို ကုန်အောင် လေ့လာသည်။ ၁၉၇၂-ခုနှစ်တွင် တက္ကသိုလ်က ထွက်ပြီး ရုပ်ရှင်ဒါရိုက်တာ လုပ်သည်။ ဒါရိုက်တာအဖြစ် ‘မျက်နှာငယ်ရမှာက မောင့်ချစ်ဦး’၊ ‘လောကကို အလှဆင်မယ်’၊ ‘မနော်ဟရီအလှ’ ရုပ်ရှင်ဇာတ်ကားများနှင့် ရုပ်ရှင်ဇာတ်ညွှန်းအနေဖြင့် ‘ငါ့ညီ ငါ့မြေ ငါ့အမေ’၊ ‘လကွယ်မိုးနှောင်း’ နှင့် ‘မသည်းနုရဲ့ သံသရာ’ ဇာတ်ကားများကို ရေးသားခဲ့သည်။ ‘ရုပ်ရှင်အနုပညာနှင့် ရုပ်ရှင် အတတ်ပညာကျမ်း’ကို ဆန်းလွင် အမည်ဖြင့် ပြုစုခဲ့သည်။ ‘ဖဲသမား’ (Gambler) အမည်ဖြင့် ပြန်ဆိုခဲ့သော ဘာသာပြန်ဝတ္ထုမှာ ၁၉၆၈-ခုနှစ် အမျိုးသားစာပေဆု၊ ဘာသာပြန်စာပေ စတုတ္ထဆု ရရှိခဲ့သည်။ လုံးချင်းစာအုပ်အနေဖြင့် သျှင်ဥက္ကဋ္ဌသို့ ပြန်ကြားချက်နှင့် ရွှေဥဒေါင်းသို့ ပြန်ကြားချက်၊ ဖီလိုဆိုဖီ ကကြီး၊ ခကွေး၊ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ၊ အိုင်းစတိုင်း၊ ဘာထရန်ရပ်ဆယ်၊ တရုတ် တွေးခေါ် ရှင်ကြီးများ၊ ရုရှား တွေးခေါ်ရှင်ကြီးများ၊ တရားတွေ့ဖို့ ချမ်းမြေ့ဖို့၊ အတွေးအမြင် ဆောင်းပါးများ၊ ကျူရိုးရှင်၊ ထိပ်ဆုံးက စပိုင်၊ ရွှေတောင်တတ် ဒဿန၊ ရတနာသုံးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း၊ သစ္စာဉာဏ်ပွင့်ဒဿန၊ သေခြင်း ဒဿန၊ ဂိုးလ်စတိန်း ကိုယ်တွေ့ ဝိပဿနာ(ဥိးဟန်ဌေးနှင့် ပူးတွဲရေးသည်) မိုကုတ်ဝိပဿနာရှုနည်း၊ ထေရဝါဒ အခြေခံ အယူအဆများကို အဆင့်မြင့် နားလည်ခြင်း၊ ဗုဒ္ဓ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားရေးတရား၊ ဓမ္မဒဿနစာစု စသည်များအား ရေးသားခဲ့သည်။ တက္ကသိုလ် အောင်မှူး အမည်ဖြင့်လည်း စိတ်ညှို့အိပ်မွေချနည်းနှင့် အသုံးချနည်း အပြည့်အစုံ စာအုပ်ကို ရေးသားပြုစုခဲ့သည်။ အင်တာနေရှင် မဂ္ဂဇင်းနှင့် ဓမ္မရုပ်စုံမဂ္ဂဇင်းတို့တွင် အယ်ဒီတာချုပ် အဖြစ်တာဝန် ထမ်ဆောင်ခဲ့သည်။ အသက် ၅၈-နှစ်တွင် ပဲခူးတိုင်း၊ ဒိုးသောင်ကျေးရွာ၊ ရွှေမင်းဝင်ရပ်ကွက်၊ ဓမ္မစာရိကျောင်းတွင် ရဟန်းအဖြစ်ခံယူပြီး ရွှေမင်းဝင် နိုင်ငံတကာ ဝိပဿနာ အလုပ်စခန်းကို ဖွင့်လှစ်ခဲ့သည်။ ၂၆၊ ၁၁၊ ၂၀၀၂ (အင်္ဂါနေ့) ည ၁၀-နာရီ ၁၀-မိနှစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။ ‘ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက’ စာအုပ်မှ ကူးယူဖော်ပြတာဖြစ်ပါတယ်။

Monday, 19 December 2011

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ ၁။ ကကုသန်မြတ်စွာဘုရား ၂။ ကောဏဂုံမြတ်စွာဘုရား ၃။ ကဿပမြတ်စွာဘုရား ၄။ ဂေါတမမြတ်စွာဘုရား ၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်) သာသနာတော်သုံးရပ် ၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း ၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း ၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း ရတနာသုံးပါး ၁။ ဘုရား ၂။ တရား ၃။ သံဃာ ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ် မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ မြတ်စွာဘုရား၏ သားတော် = ရာဟုလာ မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊ ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင် သံဝေဇနိယ လေးဌာန ၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ် ၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ ၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော ၄။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ သတ္တဌာန ခုနှစ်ပါး ၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန ၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ် ၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ ၄။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ် ၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင် ၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန ၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ် ဘုရားဂုဏ်တော်ကိုးပါး ၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။ ၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။ ၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့် ပြည့်စုံတော်မူသောဂုဏ်။ ၄။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။ ၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။ ၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။ ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။ ၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။ ၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။ တရားဂုဏ်တော် ခြောက်ပါး ၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။ ၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို အောင်တတ်သောဂုဏ်။ ၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။ ၄။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။ ၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။ ၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။ သံဃာ့ဂုဏ်တော် ကိုးပါး ၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။ ၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။ ၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။ ၄။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။ ၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို ခံယူတော်မူထိုက်သောဂုဏ်။ ၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။ ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော အလှူကိုခံတော်မူထိုက်သောဂုဏ်။ ၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ ထိုက်တော်မူသောဂုဏ်။ ၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။ အနှစ်သုံးပါး ၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ ပစ္စည်းလေးပါး ၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး ၁။ ပကတိမျက်စိကြည်လင်ခြင်း ၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း ဆွမ်းအကျိုး ငါးပါး ၁။ အာယု = အသက်ရှည်ခြင်း ၂။ ၀ဏ္ဏ = အဆင်းလှခြင်း ၃။ သုခ = ချမ်းသာကြီးခြင်း ၄။ ဗလ = ခွန်အားကြီးခြင်း ၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း ပန်းလှူရသည့် အကျိုးသုံးပါး ၁။ ရုပ်ရည်လှပသည်။ ၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။ ၃။ ခံတွင်းအနံ မွှေးကြည်စေသည်။ သီလရှိသူ ရနိုင်သောအကျိုး ငါးပါး ၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။ ၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။ ၃။ တင့်တင့်တယ်တယ်နေနိုင်သည်။ ၄။ မတွေမဝေဘဲသေရမည်။ ၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။ တရားနာခြင်း၏ အကျိုး ငါးပါး ၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။ ၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။ ၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။ ၄။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။ ၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။ မေတ္တာအကျိုး ၁၁ ပါး ၁။ ချမ်းသာစွာအိပ်ရသည်။ ၂။ ချမ်းသာစွာနိုးရသည်။ ၃။ မကောင်းသောအိမ်မက်မမြင် ၄။ လူနတ်ချစ်သနားသည်။ ၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။ ၆။ မီးမလောင်နိုင် ၇။ ဓားလက်နက်မထိနိုင် ၈။ အဆိပ်နှင့်မသေနိုင် ၉။ မကောင်းသောစိတ်ပျောက်သည်။ ၁၀။ မျက်နှာအဆင်းလှသည်။ ၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။ သည်းခံခြင်းအကျိုး ငါးမျိုး ၁။ လူအများချစ်ခြင်း။ ၂။ ရန်ငြိမ်းခြင်း။ ၃။ အပြစ်နည်းခြင်း။ ၄။ မတွေမဝေသေရခြင်း။ ၅။ သုဂတိဘ၀သို့လားရခြင်း။ အပယ်လေးပါး ၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ် ကပ်သုံးပါး ၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ် ၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ် ၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ် ရပ်ပြစ်ရှစ်ပါး ၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ် ၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တ၀ါ ၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တ၀ါ ၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ ၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ် ၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု ၇။ ၀ိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော် ၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။ ရန်သူမျိုး ငါးပါး ၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ ၀ိပတ္တိတရား လေးပါး ၁။ သီလ၀ိပတ္တိ = သီလပျက်ခြင်း ၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း ၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း ၄။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း ဗျသနတရား ငါးပါး ၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း ၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း ၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း ၄။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း ၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း ကိလေသာ သုံးပါး ၁။ လေဘ ၂။ ဒေါသ ၃။ မောဟ ကာလ သုံးပါး ၁။ အတိတ် = လွန်လေပြီးသောကာလ ၂။ ပစ္စုပ္ပါန် = လက်ရှိကာလ ၃။ အနာဂတ် = နောင်ကာလ အဂတိတရား လေးပါး ၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး ၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း ၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း ၃။ အက္ခဓုတ္တ = လောင်းကစားခြင်း သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး ၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း ကံသုံးပါး ၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း ၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း ၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ ၁။ ရှုပါရုံ = အဆင်းအာရုံ ၂။ သဒ္ဒါရုံ = အသံအာရုံ ၃။ ဂန္ဓာရုံ = အနံအာရုံ ၄။ ရသာရုံ = အရသာအာရုံ ၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ ၆။ ဓမ္မာရုံ = တရားသဘောအာရုံ ပိဋကတ် သုံးပုံ ၁။ သုတ္တန် ၂။ ၀ိနည်း ၃။ အဘိဓမ္မာ စေတနာ သုံးတန် ၁။ ပုဗ္ဗ =ကြိုတင်စေတနာ ၂။ မုဉ္စ = ပြုဆဲစေတနာ ၃။ ပရ = ပြုပြီးစေတနာ လောကပါလတရား သုံးပါး ၁။ လွတ်လပ်ခြင်း ၂။ ညီမျှခြင်း ၃။ တရားမျှတခြင်း လောက သုံးပါး ၁။ သတ္တလောက = လူသတ္တ၀ါများ၏ လောက ၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက ၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသောလောက ဗြဟ္မစိုရ်တရား လေးပါး ၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။ ဥပက္ခာတရား သမ္ပတ္တိတရား လေးပါး ၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။ ၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။ ၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။ ၄။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။ သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး) ၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု ၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု ၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု ၄။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု ခန္ဓာ ငါးပါး ၁။ ရူပက္ခန္ဓာ ၂။ ဝေဒနာက္ခန္ဓာ ၃။ သင်္ခါရက္ခန္ဓာ ၄။ သညာက္ခန္ဓာ ၅။ ၀ိညာဏက္ခန္ဓာ သစ္စာ လေးပါး ၁။ ဒုက္ခသစ္စာ ၂။ သမုဒယသစ္စာ ၃။ နိရောဓသစ္စာ ၄။ မဂ္ဂသစ္စာ စေတီ လေးမျိုး ၁။ ဓမ္မစေတီ ၂။ ဓါတုစေတီ ၃။ ဥဒ္ဓိဿစေတီ ၄။ ပရိဘောဂစေတီ ဥပါယ်တံမျဉ် လေးမျိုး ၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။ ၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။ ၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ ပြောဆိုစည်းရုံးခြင်းနည်းလမ်း။ ၄။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။

Saturday, 17 December 2011

မျိုးချစ်တရား

သူငယ်ချင်းတိုရေ ကျွန်တော် ဖတ်ဖူးတာလေးကိုမျှဝေလိုတ်ပါတယ်....ဒီဆောင်းပါးကိုေ၇းသားခဲသူက မောင်ပါလဆိုတဲ ဆောင်းပါးရှင်လေးပါ...ခေါင်းစဉ်လေးကိုတော့  ကျွန်တော်က မျိုးချစ်တရားလေးလို့ ပေးလိုတ်ပါတယ်..... မျိုးချစ်တရားသည် လူတိုင်း၊ လူမျိုးတိုင်း၌ ရှိသင့်ပေသည်။ အမျိုးကိုချစ်ခြင်း၊ အမျိုးကိုစောင့်ရှောက်ခြင်းသည် လောကပါလတရားနှင့်လည်း ညီ၏။ ဘုရားဟောဒေသနာတော်များ၌လည်း အမျိုးကိုချစ်ရန်၊ အမျိုးကိုစောင့်ရှောက်ကြရန် ညွှန်ပြဟောကြားထားသည်။ အမျိုးချစ်သူကို နတ်၊ လူ ချစ်ခင်၏။ သို့သော် မိမိလူမျိုးအား မှန်ကန်သောစိတ်ထားဖြင့် ချစ်တတ်ရန်ကား အလွန်တရာ အရေးကြီးလှပေသည်။ လူမျိုးရေးနှင့် ဘာသာရေးသည် အသွင်သဏ္ဍာန်အားဖြင့် တူညီပေ၏။ သိမ့်မွေနက်နဲသည်။ ကျယ်ပြောသည်။ ရှုပ်ထွေးသည်။ ကိုင်တွယ်ဖြေရှင်းရ ခက်ခဲသည်။ ဘာသာရေး၌ အကြင်သူသည် မိမိကိုးကွယ်သည့်ဘာသာကို အမွှန်းတင်ပြောဆိုပြီး တခြားဘာသာများကို ပုတ်ခတ်ထိပါးမည်ဆိုပါက ထိုသူကိုးကွယ်သည့်ဘာသာ၏ ထိန်းကွပ်ပဲ့ပြင်မှုညံ့ဖျင်းခြင်းကိုသာ ဖော်ပြရာရောက်ပြီး ထိုသူကိုးကွယ်သည့် ဘုရားသခင်ကိုလည်း တခြားသူများ အရိုအသေပေါ့တန်စေရာ ရောက်၏။ အလားတူပင် လူမျိုးရေး၌လည်း တစုံတယောက်သည် မိမိလူမျိုးသာကောင်း၏ တပါးလူမျိုးသည် ဤသို့ ဤပုံ ဆိုးသွမ်းကြ၏ ဟု စော်ကားပြောဆိုပါမူ ထိုလူနှင့်သက်ဆိုင်သည့်လူမျိုး၏ ယဉ်ကျေးမှု၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာနိမ့်ကျမှုတို့ကို ထုတ်ဖော်ပြောဆိုရာသာ သက်ရောက်ပြီး ထိုလူမျိုးစုခေါင်းဆောင်များ၏ သွန်သင်ဆုံးမပြောဆိုမှု နည်းပါးခြင်းကို ဖော်ပြရာသာ ဖြစ်ချေ၏။ ထို့ကြောင့်ငါ့လူမျိုးငါချစ်သည် ဟုဆိုတာ ငါတကောကောပြီး ထင်တိုင်းလုပ်၍မရ။ ထိုသို့ပြုမူ၍ မိမိအတွေးအခေါ် တိမ်းစောင်းခဲ့သည်ရှိသော် မိမိလူမျိုး ထိခိုက်မည့်အရေးကိုသာ ဖြစ်စေ၏။ လူမျိုးများနှင့်သက်ဆိုင်သည့် မိမိအယူအဆ မှန်၏/ မှား၏ ကို မိမိတဦးတည်း ဆုံးဖြတ်၍မရ။ လူမျိုးတူမိတ်ဆွေများနှင့် အယူအဆချင်း ဖလှယ်သင့်သည်။ မိမိလူမျိုးစုခေါင်းဆောင်များအား မိမိအယူအဆကိုတင်ပြကာ မှန်၏/ မှား၏ကို ဆုံးဖြတ်စေသင့်သည်။ အကြံဥာဏ်တောင်းသင့်သည်။ မိမိကိုယ်တိုင်လည်း မိမိလူမျိုးများ၏ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်မှုနှင့် အကျိုးစီးပွား ဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်းကို အမြဲမပြတ် တွေးတောကြံဆ ပြုမူလုပ်ဆောင်နေရမည် ဖြစ်သည်။ အမျိုးချစ်ပါသည်ဟု ပါးစပ်မှထုတ်ဖော်အော်ပြနေရုံနှင့် မျိုးချစ်စိတ်ရှိပါသည်ဟု မမှတ်ယူသင့်။ အကြင်သူသည် မိမိလူမျိုးများ လှေမှောက်၍ မြစ်လယ်တွင် ဒုက္ခရောက်နေသည့်အချိန်တွင် သွားရောက်ကူညီရန် ကြိုးစားအားထုတ်ခြင်းမရှိဘဲ ကမ်းစပ်မှနေ၍ “ငါမင်းတို့ကို ချစ်ပါသည်။ ငါ့မှာ မျိုးချစ်စိတ်ရှိပါသည်” ဟု အော်ဟစ်နေရုံမျှဖြင့် ထိုသူအား မျိုးချစ်စိတ်ရှိသူဟု ဆိုနိုင်ပါအံ့လော။ ထိုမှတဖန် မြစ်နှင့်ဝေးရာ ကုန်းတွင်းပိုင်းသို့ ပြေးဝင်ပျောက်ကွယ်သွားပြီး ကြားသာရုံ အသံသဲ့သဲ့ဖြင့် မျိုးချစ်စိတ်ရှိပါသည် ဟု ပြေးအော်အော်သွားသူများအား အသို့ဆိုနိုင်ပါအံ့နည်း။ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ရှိသူသည် အနီးအနားရှိ ရရာ လှေ၊ ဖောင်၊ အကူအညီ ဟူသမျှတို့ကို အလျှင်အမြန်ရုံးစုကာ မိမိအသက်ကို မငဲ့ကွပ်ဘဲ မိမိလူမျိုးများအား သွားရောက်ကယ်တင်မည်သာ ဖြစ်သည်။ တကိုယ်ကောင်းဆန်ကာ ပစ်ပြေးရိုးထုံးစံမရှိ။ လှေမှောက်၍ ဒုက္ခရောက်နေသည့် မိမိလူမျိုးများအား “မင်းတို့ခဏနေကြအုံး။ မင်းတို့ကိုလာကယ်ဖို့ ငါလှေထွင်းလိုက်အုံးမယ်” ဟုဆိုကာ ကုန်းပေါ်တက်၊ သစ်ပင်ခုတ်၊ လှေထွင်းနေမည်လည်း မဟုတ်။ မှန်ကန်သည့်စိတ်ထားဖြင့် အမျိုးချစ်သူသည် ဒုက္ခအတိပြည့်နေသော မိမိလူမျိုးများနှင့် အတူတကွ ကြံ့ကြံ့ခံရပ်တည်နေပြီး မိမိလူမျိုးများ ဒုက္ခမှကင်းလွတ်စေရန်သာ အမြဲကြံဆပြုလုပ်နေမည်သူဖြစ်၏။ အဝေး၌ရှိနေလျှင်ပင် မိမိလူမျိုးများနှင့် ဝေးသည်ထက်ဝေးအောင်မပြေးဘဲနီးသည်ထက်နီးအောင်ကပ်ကာမိမိလူမျိုးများနှင့်အတူတကွသာလည်းစံ၊ နာလည်းခံမည်သာ ဖြစ်သည်။ မိမိလူမျိုးအား ချစ်သည့်စိတ်သာ ရှေ့တန်းတင်လျက် တခြားလူမျိုးများအား မကောင်းမြင်တတ်သည့် မျက်ကန်းမျိုးချစ်စိတ်သည်လည်း မိမိလူမျိုး တိုးတက်ရာ တိုးတက်ကြောင်းကိုဖြစ်စေမည့် စစ်မှန်သော အမျိုးချစ်စိတ် မဟုတ်ပေ။ ဂျာမဏီပြည်မှ နာဇီပါတီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာသည် ထင်ရှားသည့် သာဓက ဖြစ်သည်။ ဂျာမဏီသည် ပထမကမ္ဘာစစ်တွင် စစ်ရှုံးပြီး စစ်လျော်ကြေးပေးလိုက်ရသည့်အတွက် ချွတ်ခြုံကျကာ ဆင်းရဲငတ်ပြတ်လျက်ရှိသည်။ ထိုကဲ့သို့ ဆင်းရဲမွဲတေမှုသည် ဂျူးလူမျိုးများ စီးပွားရေးနယ်ချဲ့မှုများကြောင့် ဖြစ်ရသည်ဟု ဟစ်တလာက ယူဆသည်။ ဂျူးလူမျိုး မကောင်းကြောင်းပြောသည်။ ဂျူးမုန်းတီးရေးတရား တွင်တွင်ဟောသည်။ ဂျာမဏီတွင် ဟစ်တလာအာဏာရလာသည့်အချိန်တွင် မဟာဂျာမာန် လူမျိုးကြီးဝါဒကို စွဲကိုင်ကာ ဂျူးများကို အစုလိုက် အပြုံလိုက် သတ်ပစ်ခဲ့သည်။ ထို့ကြောင့် မဟာလူမျိုးကြီးဝါဒ လက်ကိုင်ထားပါသည်ဟု တပါးလူမျိုးခြားကို လက်ညှိုးထိုး ယိုးစွပ်၍မရ။ မိမိ၏ အတွင်းအဇ္ဇတ္တ၌ ကိန်းဝပ်တည်ရှိနေသော မျက်ကန်းမျိုးချစ်စိတ်မှသာလျှင် လူမျိုးကြီးဝါဒ တဖြည်းဖြည်း ပြောင်းလဲအမြစ်တွယ်လာခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်တည်လာသည်နှင့်အမျှ မိမိလူမျိုး၏ ဂုဏ်သိက္ခာသည်လည်း အများတကာအလယ်တွင် ထိခိုက်ကျဆင်းကာနောက်ဆုံးတွင် မလှမပ နိဂုံးချုပ်သွားရစမြဲသာ ဖြစ်ပေတော့သည်။ မှန်ကန်သည့်စိတ်ထားများဖြင့် အမျိုးချစ်တတ်ကြပါစေ......။ မောင်ပါလ

ဘာသာ နှင့် လူမျိုးကို ချစ်တတ်ပါစေ

ဘာသာ နှင့် လူမျိုးကို ချစ်တတ်ပါစေ တချိန်က ဖွတ် နှင့် ပုတ်သင် သူငယ်ချင်း နှစ်ယောက် အလွန်ပင် ရင်းနှီး ချစ်ခင်ကြတယ်။ သွားရင်လာရင်လည်းအတူတူ စားရင် အိပ်ရင်လည်း အတူတူ ဘယ်လိုအခြေနေမျိုးမှာပဲ ဖြစ်ဖြစ် မခွဲမခွာအမြဲနေရှာကြသတဲ့ သူတို့တွေ ရဲ့ ချစ်ခင်ရင်းနှီးမှု့တွေ ရှိနေတာကို ဖွတ် ရဲ့ မိဘများ မှာမနှစ်မြို့သလို သဘောလည်းမကျဘူး.သားဖြစ်သူ ဖွတ်ကို မိဘများက ပုတ်သင် နဲ့ မပေါင်းသင်းဖို့ အဆက်အဆံမလုပ်ဖို့ ကိုယ်နဲ့ မျိုးရိုးတူ ဖွတ်နဲ့ပဲ အပေါင်းသင်းလုပ်ဖို့ ပုတ်သင် ဟာ အမေအဖေ တို့ နဲ့ မျိုးရိုးချင်းလည်းမတူ ဘာသာချင်းလည်း မမျှ.အဲဒီပုတ်သင် ကြောင့်ပဲ အမေအဖေ တို့ရဲ့ အမျိုး ဘာသာ တနေ့မှာ ပျက်စီးရလိမ့်မယ် သား၊ မိဘတွေ အကြောင်းအကျိုးပြ ဆိုဆုမ္မ ပေမဲ့ သားဖြစ်သူ ဖွတ် ကတော့ ဒါတွေကို နားမလည်ဘူး တရင်းတနှီးပေါင်းသင်း တယ် လူမှု့ရေးကိုပဲ ကြည့်တယ် လူမျိုးရေးကို မမြင်ဘူး ဒီလိုနဲ့ နေလာလိုက်ကြတာ နှစ်အတော်ကြာသွားတယ် အချိန်ကြာလာတာနဲ့အမျှ ဖွတ် နဲ့ ပုတ်သင် တို့ရဲ့ ရင်းနှီး မှု့ကလည်း ခိုင်မာလာတာပေါ့၊၊ ဒီလို ရင်းနှီး လို့လည်း တကောင် နဲ့ တကောင် အပြန်အလှန် လုံးထွေးပြီးနေကြတယ်၊ ဖွတ် ကကိုယ်ထည်ကြီးတယ် ခွန်အားကြီးတယ် ပုတ်သင် က ကိုယ်ထည်သေးတယ် ခွန်အားသေးတယ် လုံးထွေးဆော့ကစားတဲ့ အချိန်တိုင်း ပုတ်သင်က အောက်ကပဲ အမြဲနေရတယ် ဖွတ် ရဲ့ ကိုယ်ထည်ကြီးနဲ့ အဖိခံနေရတယ်.ဒါကို ပုတ်သင် က မှတ်ထားတယ် မကျေနပ်ဘူး ဖွတ် က တမင်လုပ်တာမဟုတ်ပါဘူး ရိုး2သား2ဆော့ကစားနေတာပါပဲ. ပုတ်သင် က လုပ်ထားဦးပေါ့ကွာ ဖွတ်ရာ တနေ့ မင်းတို့ရဲ့ ဖွတ် မျိုးတွေ အမြစ်ပြုတ်အောင် ငါ လုပ်ပြမယ် ဆိုပြီး ရန်ငြိုးဖွဲ့ ကြုံးဝါးတယ်....။ တနေ့တော့ မုဆိုး တွေ တောထဲဝင်လာတာကို ပုတ်သင် တွေ့တော့ . ဟာ. ဟန်ကျလိုက်တာ ငါ့ ကိုအမြဲ အနိုင်ယူတဲ့ ဖွတ် တော့ တဆွေလုံး တမျိုးလုံး ပြုတ်ပြီတာမှတ်ပေတော့ ဆိုပြီး မုဆိုး တွေရဲ့ ရှေ့ကနေ လမ်းပြ ခေါ်သွားပါလေရော.ဖွတ် တွေနေတဲ့ တွင်း နားရောက်ရော ပုတ်သင် က အဝင်ပြပြီး ဂယ်ပေါက်ကနေ ထွက်သွားတယ်.ဒီတော့ မုဆိုး များကလည်း .ဟ. ဒီမှာ ဖွတ် ကျင်းတွေဆိုပြီး ရှိသမျှ ဂယ်ပေါက် မှန်သမျှ အကုန် ပိတ်ဆို့ . အပေါက်တခုပဲ ထားတယ် အဲဒီ အပေါက်ကနေပဲ မီးရှို့လိုက်တော့ ဖွတ် အားလုံး ဒုက္ခ တွေရောက်ကြတော့တယ် .ကံကောင်းချင်တော့ ပုတ်သင် နဲ့ ပေါင်းသင်းတဲ့ ဖွတ် ရယ် မိဘ နှစ်ပါးရယ် လွတ်မြောက်သွားပါတယ်.....။ ဒီအခါမှာ သားဖြစ်သူ ဖွတ် က မိဘတွေကို တောင်းပန်ရှာတယ် မိခင် ဖခင် တို့ရဲ့ ဆုံးမ စကားကို နားမထောင်ခဲ့မိလို့ အခုလို ဒုက္ခတွေနဲ့ကြုံတွေ့ခဲ့ရတာ.ပုတ်သင် ဟာဒီလိုယုတ်မာတဲ့ စိတ်ထားမျိုးရှိလိမ့်မယ်လို့ မထင်ခဲ့မိတာ သားအမှားပါ သားကို ခွင့်လွတ်ပါ.ခွင့်လွတ်ပါတယ် သားရယ်.အစက ဒီလိုဖြစ်လာနိုင်လို့ သား ကို ပုတ်သင် နဲ့ မပေါင်းဖို့ ကြိုတင်ဆုံးမ ခဲ့တာပေါ့.ဒီမယ် သား. ကိုယ်ဘာသာ ကိုယ့်လူမျိုး ဒုက္ခတွေ ရောက်ရတာဟာ အမျိုးမတူ ဘာသာမမျှတဲ့ လူတွေနဲ့ ရောယှက်ပေါင်းသင်းမိလို့ပဲ . အပြင်မှာ ရွှေမုန် ကြဲထားပေမဲ့ အတွင်းမှာ နှောက်ချီးခံထားတာကို သားမှမမြင်နိုင်တာ။ ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ. ရွှေမြန်မာ တို့ နားလည်ရမှာက ဘာသာခြား လူမျိုးခြားတွေနဲ့ သူငယ်ချင်း အဆင့်မှာတောင် ဒီလောက် ဒုက္ခ ရောက်ရတယ်ဆိုရင် ဘဝ တစ်ခုလုံးအတွက် လက်တွဲဖော် အဖြစ် ခရီးဆက်ကြမဲ့ မြန်မာမိန်းကလေးတွေ စဉ်းစားတာကြည့်တော့။ ပြည်ပရောက်လို့ ဗီဇ ပျောက်နေကြတဲ့ မြန်မာမိန်းကလေးတွေ နိုင်ငံခြားသား၊ ဘာသာခြားတွေက ပစ္စည်းဥစ္စာပြ စည်းရုံးလာတဲ့ အခါမှာ အဟုတ်ထင်မှတ်ပြီး လက်ခံနေကြတယ် သာယာနေကြတယ် ပေးလာတဲ့ ဥစ္စာပစ္စည်းဟာ လူမျိုး နဲ့ ဘာသာကို ဝါးမျိုဖို့ လမ်းခင်းနေတယ်ဆိုတာ နားမလည်ကြဘူး. ငါကောင်းစားဖို့အရေးကြီးတယ် လူမျိုး နဲ့ ဘာသာ ကိုအလေးထားနေစရာမလိုဘူးလို့ အထင်ရောက်နေကြတဲ့ မြန်မာမိန်းကလေးတွေ ဘာသာခြားတွေရဲ့ ရင်ခွင်ရိုင်းထဲမှာ မရှုမလှ ဒုက္ခ လှလှကြီးရောက်နေကြရတာ ဒု နဲ့ ဒေး ပါပဲ....။ ပစ္စည်းဥစ္စာကို မက်မောပြီး လူမျိုးခြားနဲ့ အိမ်ထောင်ပြုနေတဲမြန်မာမိန်းကလေးတွေလည်း ရေတွက်လို့မကုန်နိုင်အောင်ပါပဲ. ဒီနေရာမှာ.ကောသလ အိပ်မက်(16)ချက်ထဲက 6 ခုမြောက်အိပ်မက်ကို သတိရမိပါတယ်... မေး. ခွေးအိုထံဆက်.ရွှေခွက်သိန်းတန်.ကျင်ငယ်အမြဲ.ခွက်ထဲစွန့်ပြန်။ ဖြေ... မျိုးမြတ်သမီး.ပစ္စည်းမက်ဟန်.အမျိုးယုတ်.လင်လုပ်ပေါင်းဆက်ဆံ။ ဆိုလိုတာက အမျိုးအားဖြင့် လည်ကောင်း ဘာသာ အားဖြင့်လည်ကောင်း မြင့်မြတ်လှတဲ့ မြန်မာ မိန်းကလေးများဟာ အမျိုးဘာသာ လူမျိုးဘာသာခြားတွေကို လင်လုပ်ပြီး ပေါင်းသင်းဆက်ဆံကြလိမ့်မယ်လို့ ပြောတာပါ. မြတ်ဗုဒ္ဓ ရဲ့ အဖြေဟာဒီနေ့ ခေတ်ကာလ မြန်မာ မိန်းကလေး တွေကို ရည်ရွယ်ခဲ့လေသလား မပြောတ်ဘူး မှန်တာတော့ အတော်လေးကို မှန်နေပါတယ်. ဒီလိုတွေဖြစ်တာကလည်း မိဘ တွေရဲ့ ဆုံမမှု့ ရဟန်း တော်များရဲ့ ဆုံမမှုတွေကို မနာခံတဲ့ သားသမီးတွေရဲ့ အသိဥာဏ်ခေါ်င်းပါးမှု့ မိုက်မဲရမ်းကား မှု့ စတာတွေကြောင့် လူမျိုးရေး ဘာသာရေးကို ဦးစားမပေးပဲ နှလုံးသားရေး နဲ့ သွေးသားဆန္ဒ ကိုဦးစားပေးမှု့တွေကြောင့် မြန်မာမိန်းကလေးများ ဘဝတွေပျက် မျက်ရည်စက်လက် နဲ့  အနိမ်ခံ ဘဝကိုရောက်ကြတာပါ။ ယခုလိုရေးသားချင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသော ဆန္ဒ အမှန်ပင် မရှိတာကို ရိုးသားစွာ ဝန်ခံပါသည်၊ လူမျိုး နှင့် ဘာသာကို ချစ်မြတ်နိုးသည့် အတွက်ကြောင့်သာ ရေးသားရချင်းဖြစ်ပါသည်. ဒီစာကို ဖတ်မိသော မြန်မာမိန်းကလေးများ အမျိုးဘာသာ ကိုထိမ်းသိမ်းချင်တဲ့ စိတ်ဓာတ် နှင့် အသိတရားလေး ရှိသွားရင် စာရေးသားရကျိုးနပ်ပါပြီ။ ကျမ်းကိုး---(ငါးရာ့ငါးဆယ် ဇာတ်တော် ဂေါဓ ဇာတ်) သတ္တဝါမှန်သ၍ တရားတွေ့ ချမ်းမြေ့ သာယာရှိပါစေ.................။ စာရေးသူ .အရှင်မဏ္ဍလ(သာသနဓဇဓမ္မာစရိယ+ ဝိနယ ဝိဒူ) ခေတ္တ..မလေးရှား။ 2010ashinmandala@... http://www.myanmarexpress.net/2010/11/blog-post_29.html မှတ်ချတ်........ယခုဘလော့ အားရေးသားခဲ့ သူမှာ ဘုန်တော်ကြီး ဖြစ်ပါသည်... တချို့ နေရာမှာစာသားတွေကို ကျွန်တော်ဖျတ်ထားတာတွေရှိပါတယ် မူရင်ကို အပေါ်ကလင့် ကလေးမှာ လေ့ လာလို့ ရပါတယ် ဘုန်တော်ကြီး ရေးသာခဲ့ သောဘလော့ လေးဖြစ်တာကြောင့်  ကွန်မန်းပေးရာတွင် ညစ်ညမ်းစွာပေးခဲ့ ခြင်း မပြုရန် တောင်းပန်အပ်ပါသည်.......မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသောဆန္ဒ အမှန်ပင် မရှိတာကိုရိုးသားစွာ ဝန်ခံပါသည်၊

Tuesday, 13 December 2011

ဒါလေးဖတ်ရင် ညစ်နေတာတွေ ပျောတ်မယ်ထင်ပါတယ်

မေမေကူပါ
ပီတာလေးကန်လိုက်သောဘောလုံးအိမ်နီးချင်းပြူတင်းပေါက်ကိုထိပြီးမှန်ကွဲသွားသည်။အမေဖြစ်သူက ပီတာလေးကိုခြောက်လှန့်သည်။
``မင်းအဖေ မှန်အသစ်မယူလာမချင်းပေါက်နေတဲ့အပေါက်ကိုမင်းရဲ့ဖင်ပြောင်နဲ့ပိတ်ပေးရမှာပဲ၊နားလည်ထား။´´ ပီတာလေးမျက်ရည်များကြားကပြောသည်။
``ကျွန်တော်ထမင်းစားချိန်မှာ ကျွန်တော့် အစားမေမေ ပိတ်ပေးနော်။´´
.............................................................................
positive attitudeရှိရင်
ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်... သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။


ဆက်သွယ်ရေး

ဆက်သွယ်ရေး လက်ချာတစ်ခုမှာ ဆရာက မေးပါတယ်။

“အနီအောက် ရောင်ခြည် ဆက်သွယ်ရေး (Infrared Communication) က မကောင်းဘူး ဆိုတာ ဘယ်လို ဥပမာ ပြမလဲ။”

ရွှတ်နောက်နောက် ကျောင်းသားတစ်ယောက်က “အိန္ဒိယ လူမျိုးတွေကို ကြည့်ပါ ဆရာ။ သူတို့ နဖူးမှာ အနီစက်ကလေးတွေ ရှိတယ်။ အဲဒါ သူတို့ အချင်းချင်း Infrared နဲ့ ဆက်သွယ် နေကြတာပါ။ ဒါပေမယ့် ဖမ်းလို့ရတဲ့လှိုင်း (reception) က မကောင်းတော့ သူတို့ ခေါင်းတွေကို ခါနေရတယ်လေ။ အဲဒါမှ လှိုင်းမိမှာကိုး။” လို့ ပြန်ဖြေပါတယ်။

အဲဒီမှာ ဆရာက စိတ်ပေါက်ပေါက်နဲ့ “သူတို့တွေ ငယ်ငယ်ကတည်းက အနီစက်က ရှိလာတာပဲ။ မင်းပြောသလိုဆို တသက်လုံး ဆက်သွယ်လို့ အဆင်မပြေဘူး ဖြစ်နေမှာပေါ့။” လို့ ပြန်တွယ် ပါတယ်။

ကျောင်းသားက “သူတို့ကို အပြာရောင် အစက် ပြောင်းတပ်ခိုင်းလိုက်ပါ ဆရာ။ အဆင်ပြေ သွားပါလိမ့်မယ်။ Bluetooth က Infrared ထက် သာပါတယ်။” လို့ ပြန်ပြောလိုက်ပါတယ်။
                        မှတ်ကရော
ပန်းခြံတခုအတွင်းမှ ခုံတန်းတခုတွင် သမီးရည်းစားစုံတွဲ တစ်တွဲထိုင်နေသည်။
ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေသည်။
သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာ ပြောသမျှကို အဘိုးကြီးအတိုင်းသား ကြားနေရ၏။
မိန်းကလေးက"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်"
ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏။
ထို့နောက်"မူးသေးလားဟင်"
"ဟင့်အင်း၊ ပျောက်သွားပြီ"
အတန်ကြာသောအခါ......
မိန်းကလေးက "မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ"
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏
"ဘယ်လိုနေသေးလဲ"
"အင်း..သက်သာသွားပြီ"
ခဏကြာသော်... "မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ် မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏။
တဖက်တွင်ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်းကတ်လာ၏။
ထို့ကြောင့်လှမ်းပြောလိုက်၏။
ဟေ့..ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ
'ဦးမှာ လိပ်ခေါင်းဖြစ်နေလို့' တဲ့
အနိုင်ယူသွားပုံက
ကက်စီနို လောင်းကစားဝိုင်း ခုံတခုမှာ ဒိုင်လုပ်သူနှစ်ယောက်ဟာ ထိုးသားမရှိလို့
ပျင်ပျင်းရိရိဖြစ်နေကြတယ်။

ရုတ်တရက် တောင့်တောင့် ဖြောင့်ဖြောင့်နဲ့ ရုပ်ချောချော မိန်းမငယ်လေး တစ်ယောက်
ရောက်လာပြီး ခုံပေါ်ကို ဒေါ်လာ နှစ်သောင်း ပြစ်တင်လိုက်တယ်။

“အကုန်လောင်းတယ်၊ အန်စာ တစ်ချက်ပဲ ခေါက်မယ်။ ဒါပေမယ့် တခုတော့ ရှိတယ်နော်၊
ကျွန်မက အင်္ကျီမပါပဲ အန်စာခေါက်ရင် ကံကောင်းတတ်လို့ ရှင်တို့ စိတ်မရှိဘူးဆိုရင်
အင်္ကျီတွေ အားလုံးချွတ်ပြစ်ချင်တယ် “ ပြောပြောဆိုဆို အ၀တ်တွေ ချွတ်ချလိုက်တယ်။

ပြီးတော့ “အ၀တ်အသစ်တွေ ၀တ်နိုင်ပါစေ.. “ လိုအော်ပြီး အန်စာခေါက်လိုက်တယ်။

“ ဟေး.... နိုင်ပြီဟေ့ နိုင်ပြီ ” အားရပါးရ ခုန်လိုက်ပြီး ဒိုင်လုပ်သူ
နှစ်ယောက်ကို ထဖက်တယ်။

ချက်ချင်းပဲ သူအ၀တ်နဲ့ အနိုင်ရတဲ့ ပိုက်ဆံတွေ ယူပြီး အမြန်ထွက်သွားတော့တယ်။

အဲ့ဒီတော့မှ ဒိုင်တစ်ယောက်က ရုတ်တရက် အသက်ပြန်ဝင်လာသလို သူဘေးက
အဖော်ကိုလှမ်းမေးတယ်။

“ သူ့ အန်စာက ဘာကျသွားတာလဲ”

ကျန်တစ်ယောက်က

“ ဟေ.... မသိဘူးလေ ငါက မင်းကြည့်လိုက်တယ်ထင်လို့”